ဟိုး.. လွန်ခဲ့ပေမယ့်
ငါမနိုးသေးဘူး အိပ်မက်ငယ်...
မျောလွင့်နေတဲ့
အတိတ်အခိုးအငွေ့တွေကို
တန်းတန်းစွဲ ပုံဖော်ရင်း ...
ခြောက်ကပ်ကပ်ညတွေထဲ
စိတ်ကြိုက် ပျော်ဝင်နေမိတယ်...။
မေ့မရဘူး
မိုးစက်ပွင့်လေးရယ်...
ငါ့ရဲ့နွေကို နင်အသက်သွင်းပေးခဲ့ဖူးတယ်
နင်ပြောပြခဲ့ဖူးတဲ့
'မိုးကောင်းကင'် အကြောင်း မှာ
အိပ်မက်တွေကို တိုက်စားသွားတတ်တဲ့
ရေစီးကြောင်းဆိုတာ မပါခဲ့ပါဘူး...။
အလွမ်းမိုးသည်းတဲ့ ညတွေမှာ
ငါ့အိပ်မက်တွေပိုရှည်ပါစေ...။
Saturday, April 24, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment