Saturday, August 15, 2009

ကြိုး

သံယောဇဉ်နဲ့ချည်တဲ့ ကြိုး တစ်ခုမှာ...
အချစ် ပါပါ့မလားလို့
သံသယအထုံးတွေ ဗရပွ တိုးခဲ့...

"အချစ်ဆိုတာ...
တစ်ဘဝလုံး အတွက် ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ...
မွေးဖွားပေးတဲ့ အရာ" လို့
သူက ပြောတော့...

ကြိုးထုံးတွေ ပြေ
အမုန်းဆုံးနာကြည်းချက်တွေတောင် အရည်ပျော်လို့...

မဆန်းတော့ ပါဘူး...
ငါဆိုတာ
တွယ်ငြိပြီးသား ကြိုးတစ်ချောင်းကို
ဆူးစူးတာတောင် မစွန့်လွှတ်နိုင်သူ...
မက်ခဲ့ဘူးတဲ့ အိပ်မက်ဟောင်းတွေ နောက်ကိုပဲ
ခုံမင်စွာ တွယ်ကပ်လိုက်ပါတတ်တဲ့သူ...

1 comments:

soulg on August 15, 2009 at 10:56 AM said...

ဂျစ်ပစီတွေရဲ့ နောက်ဆုံးသီချင်းလိုပဲပေါ့
ငါဒီမှာ အဆုံးသတ် ချင်ပါတယ်။

အိပ်မက်တွေနောက် ပါမသွားတော့ဘူး ဆိုရင်ပေါ့။

ကိုရီးရားရုပ်ရှင်တွေထဲကလိုပြောရရင်
သစ်ပင်တစ်ပင် ဖြစ်ချင်ပါတယ်။

အတ္တတွေ မရှိတော့ရင်ပေါ့။

ဒါပေမဲ့.....
ငါက လူလေ။

စွန့်လွှတ်ဖို့တော့ သတ္တိဘယ်ရှိမလဲ။

ဘုရားသခင်မှ မဟုတ်ပဲ.......။

Post a Comment

 

Emotional Talks Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Online Shop Vector by Artshare