Tuesday, August 25, 2009

အိပ်မက်

2 comments
ဒီအိပ်မက်တွေနဲ့ ဝေးဝေးသွားတာ...

ငါထွက်ပြေးခဲ့လို့ မဟုတ်ဘူး
ပြေးလိုက်ရင်းနဲ့ မမီခဲ့တာ...

ငါတို့နှစ်ယောက်ကပဲ
အဲဒီ အိပ်မက်နဲ့ မတန်လို့လား...

အဲဒီ အိပ်မက်တွေကပဲ
သိပ်ဆန်းနေလို့လား...

သေချာတာတော့ ငါ "အိပ်မက်" တွေကို မုန်းသွားပြီ..

Monday, August 17, 2009

အထီးကျန် နာရီ

1 comments
အထီးကျန်နံရံမှာ တွဲလဲခိုခဲ့တဲ့
အချိန်မသိနာရီတွေ...

အသက်မဲ့ရင်ခွင်မှာ အလှည့်ကျ ခိုဝင်ခဲ့တဲ့
ွဲဗျောင်းဆန်ဒဏ်ရာတွေ...

နှလုံးသားရဲ့ လမိုက်ညမှာ
အလွမ်းဆည်ကျိုး ခဲ့တဲ့
ပူပြင်း ခြောက်ကပ် နေ့ ည ရက်တွေ...

တရွေ့ရွေ့ ...
တရွေ့ရွေ့ နဲ့...

Saturday, August 15, 2009

ကြိုး

1 comments
သံယောဇဉ်နဲ့ချည်တဲ့ ကြိုး တစ်ခုမှာ...
အချစ် ပါပါ့မလားလို့
သံသယအထုံးတွေ ဗရပွ တိုးခဲ့...

"အချစ်ဆိုတာ...
တစ်ဘဝလုံး အတွက် ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ...
မွေးဖွားပေးတဲ့ အရာ" လို့
သူက ပြောတော့...

ကြိုးထုံးတွေ ပြေ
အမုန်းဆုံးနာကြည်းချက်တွေတောင် အရည်ပျော်လို့...

မဆန်းတော့ ပါဘူး...
ငါဆိုတာ
တွယ်ငြိပြီးသား ကြိုးတစ်ချောင်းကို
ဆူးစူးတာတောင် မစွန့်လွှတ်နိုင်သူ...
မက်ခဲ့ဘူးတဲ့ အိပ်မက်ဟောင်းတွေ နောက်ကိုပဲ
ခုံမင်စွာ တွယ်ကပ်လိုက်ပါတတ်တဲ့သူ...

ဂစ်တာတစ်လက်

1 comments
စွန့်လွှတ်ဖို့ နောက်ဆုတ်ခဲ့ပြီးပြီဆို
လှည့်မကြည့်နဲ့တော့ လေပြေ....

နောက်တစ်ဖန် ပြန်လာခဲ့ရင်တော့
မင်းအတွက်
ရင်ခုန်သံတွေ မရှိလောက်တော့ဘူး...

အချိန်က သင်ပေးတဲ့  လောကနိယာမ တွေကို
သံစဉ်တေးသီနေမယ့်
ဂစ်တာတစ်လက်ပဲ ရှိနေလောက်တယ်...

Thursday, August 6, 2009

ကဗျာ (၇)

1 comments
အမှတ်မရှိတာ ထက်
မှတ်လို့ မရခဲ့တာ ...

ဒဏ်ရာတွေကို ခံနိုင်နေတာထက်
လျစ်လျူရှု နေခဲ့တာပါ ...

ငါ့ အတ္တ တွေကလည်း
"ကျရှုံး" ဖို့ဘယ်သောအခါမှ ခွင့်မပြုခဲ့တော့...

ရင်နဲ့ရင်းတဲ့ ငါ့ကဗျာတွေ နဲ့
နင် ခင်း ခဲ့တဲ့ ပြိုင်ပွဲမှာ
ငါ "အောင်ပွဲ"ဆက်ခံ နေဦးမယ်...

Wednesday, August 5, 2009

မဆုံ

4 comments
နင့်ရဲ့"စောင့်စားခြင်း" ဆိုတာကို
ငါ့ရဲ့ "မျှော်လင့်ခြင်း" နဲ့
လှည့်ကြည့်မိတဲ့အခါ တိုင်း...

ငါတို့ သူစိမ်းတွေထက်တောင် ဝေးဝေး သွားတာ...

ကိုယ့်ဇာတ်လမ်းနဲ့ကိုယ်
တိုးတိုးလေး လွမ်းခွင့်တွေကို
သစ္စာတံခါးနဲ့ သော့ ခတ်ပြီး...

အရင်ကတည်းက မနီးခဲ့တဲ့ ငါတို့တွေ
ဘယ်တော့ မှလည်း မဆုံနိုင်တော့ပါဘူးလေ...
 

Emotional Talks Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Online Shop Vector by Artshare