Saturday, June 6, 2009

ကဗျာရေးတဲ့ ကဗျာ



ဂယက်ရိုက်နေတဲ့ ကန်ရေပြင်ကို
တည်ငြိမ်အောင်ကြိုးစားရင်း ကြိုးစားရင်း...
လှိုင်းတွေထန်ပြီး ပင်လယ်သာဖြစ်လာခဲ့တယ်

မျက်ရည်တွေက ခမ်းသလိုလိုနဲ့
မကုန်နိုင်တဲ့ စမ်းရေလိုပဲ
မင်းရဲ့ ငိုသံတွေကလည်း ပင်လယ်အော်သံတွေလို ပဲ့တင်ခဲ့...

မဆုံနိုင်တဲ့ ကံကြမ္မာရယ်
ရေးထားပြီးသားစာအုပ် တစ်အုပ်အဖြစ်
ငါ့နှလုံးသားကို အစကတည်းက ပုံနှိပ်ထားသင့်တယ်...

3 comments:

Unknown on August 14, 2009 at 3:42 AM said...

ကဗျာရေးတဲ့ ကဗျာတဲ့
ဘာအဓိပ္ပာယ်လဲ ..

နင့်ကဗျာတွေ တော်တော်မိုက်လာတယ်
အရင်က မမိုက်ဘူးလို့ ပြောတာမဟုတ်ပါဘူး
အဆက်အသွယ်ပြတ်နေတာ တော်တော်ကြာတော့ ... အခုမှ တော်တော်မိုက်လာတာက ပေါ်လာတာ

haymar on August 15, 2009 at 1:30 AM said...

Cos the poet is "Kabyar" ..so the poem she wrote is "Kabyar yay te kabyar"..

simplysuzu on June 10, 2013 at 2:39 AM said...

အခုမှပဲ သိတော့တယ် ဘာအဓိပ္ပာယ်လဲဆိုတာ ....

Post a Comment

 

Emotional Talks Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Online Shop Vector by Artshare