Sunday, June 28, 2009

ခိုး

1 comments
ဟာနေတဲ့ ရင်ခွင်က...
ဟိုးအရင် အမှားတစ်ခုမှာ
တွယ်ကပ်ငြိ နေတဲ့ ရင်ခုန်သံတွေကို
နားစွင့်တုန်းပဲ...

နင်မချစ်တော့တာသိပေမယ့်...
ရင်ကွဲခဲ့တဲ့ အတိတ်ကို
ငါ့နှလုံးသားက တိတ်တခိုးလေး သိုလ်ဝှက်လို့
ခိုးခိုးပြီးတော့ လွမ်းနေတုန်းပဲ...

Saturday, June 20, 2009

ဒဏ္ဍာရီ

1 comments
နင်က
မနိုးသေးတဲ့ အိပ်မက်ထဲက
ဒဏ္ဍာရီ လိုပဲ...
ပုံပြင်တွေကို ချစ်တဲ့
ငါ့ကို
မျောလွင့်နေအောင်
ပြုစားတတ်တယ်.....

Thursday, June 11, 2009

ကဗျာ (၆)

1 comments
သက်တံ့ရောင် သံစဉ်တွေကို
ိုဆိုညည်းရင်း
မိုးကောင်းကင်ကြီး ကို
ငါလိုချင်ခဲ့မိတယ်...

ကိုယ့်ကိုယ်ကို ကလွဲရင်
ဘယ်သူ့ကိုမှ မလှည့်စားခဲ့ပေမဲ့
ငါစားခဲ့တဲ့ ပန်းသီးက
ဘာလို့ အဆိပ်သင့် နေခဲ့လဲ...

တကယ်တော့ ...
လွတ်လပ်ခြင်း နဲ့
ကိုးကွယ်ခြင်းကိုလဲခဲ့တာ
ငါက တကယ် 'အ' ခဲ့မိလို့ပဲ

Saturday, June 6, 2009

ကဗျာရေးတဲ့ ကဗျာ

3 comments


ဂယက်ရိုက်နေတဲ့ ကန်ရေပြင်ကို
တည်ငြိမ်အောင်ကြိုးစားရင်း ကြိုးစားရင်း...
လှိုင်းတွေထန်ပြီး ပင်လယ်သာဖြစ်လာခဲ့တယ်

မျက်ရည်တွေက ခမ်းသလိုလိုနဲ့
မကုန်နိုင်တဲ့ စမ်းရေလိုပဲ
မင်းရဲ့ ငိုသံတွေကလည်း ပင်လယ်အော်သံတွေလို ပဲ့တင်ခဲ့...

မဆုံနိုင်တဲ့ ကံကြမ္မာရယ်
ရေးထားပြီးသားစာအုပ် တစ်အုပ်အဖြစ်
ငါ့နှလုံးသားကို အစကတည်းက ပုံနှိပ်ထားသင့်တယ်...

Wednesday, June 3, 2009

နင့်အနားမှာငါရှိချင်တယ်

3 comments
မေ့လို့မရတဲ့ အမှတ်တရတွေ
အစားထိုးလို့လဲမရတော့
ကိုယ့်ဘဝနဲ့ကိုယ် ကျိန်စာအသင့်ခံပေါ့...

ပျော်ခဲ့ဖူးတာက အတိတ်တွေဆိုရင်
ပစ္စုပ္ပန်မှာ လွမ်းနေခွင့်ကို
ငါအသက်ဆက်ရှင်ဖို့ ဓားပြတိုက်လိုက်တယ်...

နင့်ရင်ခွင်ကိုပဲ ငါ့ နှလုံးသားက
ရူးမလောက်ခိုဝင်ချင်နေတော့
ကိုယ့်ကိုယ်ကိုလည်း နာကျည်းတယ်...


ဖြစ်နိုင်ရင်
နင်ရှိတဲ့ဘဝ ကို
အရာအားလုံးထက် ငါမက်မောလိုက်ချင်တယ်...

ဖြစ်နိုင်ရင်
နင့်အနားမှာငါရှိချင်တယ်...
 

Emotional Talks Copyright © 2010 Designed by Ipietoon Blogger Template Sponsored by Online Shop Vector by Artshare